Belarus မွာ အင္တာနက္ ပိတ္ဆို႔မႈ အေမရိကန္ စိုးရိမ္

စက္တင္ဘာ ၂၀ ရက္ေန႔တုန္းက Belarus မွာ ဆႏၵျပစဥ္

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

Belarus ႏိုင္ငံမွာ ၾသဂုတ္လ ၉ ရက္ေန႔က က်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပြဲ မသမာမႈေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတဝန္း ကန္႔ကြက္ဆႏၵျပေနၾကတာကို တံု႔ျပန္တဲ့အေနနဲ႔ ဘယ္လာရုစ္အာဏာပိုင္ေတြက အင္တာနက္ဆက္သြယ္ေရးျဖတ္ေတာက္၊ online မွာတင္တဲ့ post ေတြကို ကန္႔သတ္တာေတြ ဆက္လုပ္ေနပါတယ္။

Alexander Lukashenka အစိုးရက အင္တာနက္လံုးဝျဖတ္ေတာက္တာ၊ တစိတ္တပိုင္း ကန္႔သတ္တာေတြ ဆက္လက္လုပ္ေဆာင္ေနတာနဲ႔ပတ္သက္ၿပီး အေမရိကန္ျပည္ေထာင္စုအပါအဝင္ တျခား ႏိုင္ငံ ၃၅ ႏိုင္ငံကအျပစ္တင္ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

အင္တာနက္ဆက္သြယ္ေရး ပိတ္ပစ္တာ၊ ကန္႔သတ္တာ၊ ဒါမွမဟုတ္ ဝန္ေဆာင္မႈစိစစ္တာေတြဟာ ၿငိမ္းခ်မ္းစြာစုေဝးခြင့္၊ လြတ္လပ္စြာစုစည္းထုတ္ေဖၚခြင့္ေတြကို ကန္႔သတ္ဖို႔အတြက္ တရားသျဖင့္ ေလ်ာ္ကန္မႈမရွိဘူးလို႔ အဲဒီေၾကညာခ်က္မွာေဖၚျပထားပါတယ္။

ဒီကန္႔သတ္ခ်က္ေတြနဲ႔အတူ အတိုက္အခံကိုယ္စားလွယ္ေလာင္းေတြရဲ႕ အလုပ္အကိုင္ေတြကို ထိခိုက္ေအာင္ အက်ပ္ကိုင္တာေတြလည္းရွိပါတယ္။ ျပည္သူလူထု လုပ္ပိုင္ခြင့္ေတြ ပိုၿပီး ဆုတ္ယုတ္ေအာင္၊ လူမႈကြန္ယက္၊ အပါအဝင္ Digital ဆက္သြယ္ေရး လမ္းေၾကာင္းေတြကို ကန္႔သတ္၊ သတင္းေထာက္ေတြနဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပၾကတဲ့ ဘယ္လာရုစ္ျပည္သူေတြကို အလံုးအရင္းနဲ႔ ဖမ္းဆီးၿပီး ထိန္းသိမ္းေနပါတယ္။

ႏွိပ္ကြပ္အေရးယူတာေတြၾကားက သူတို႔အသံၾကားရေအာင္၊ ဆႏၵျပေတာင္းဆိုေနတဲ့ သတၱိရွိတဲ့ ဘယ္လာရုစ္ျပည္သူေတြနဲ႔အတူ အေမရိကန္နဲ႔ မဟာမိတ္ေတြက ဆက္လက္ ရပ္တည္သြားမွာျဖစ္ပါတယ္။တရားမွ်တမႈနဲ႔ တာဝန္ခံမႈအတြက္ ေတာင္းဆိုၾကတဲ့အထဲမွာ အမ်ိဳးသမီးေတြ အဓိကက်တဲ့ အခန္းက ပါဝင္ေနတာဟာလည္း မွတ္သားထိုက္တဲ့ အခ်က္ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ မသမာတဲ့ ေရြးေကာက္ပြဲၿပီးကတည္းက အပတ္စဥ္ စေနေန႔တိုင္း ေထာင္ေသာင္းခ်ီတဲ့ အမ်ိဳးသမီးေတြ ခ်ီတက္ၾကၿပီး အၾကမ္းဖက္ႏွိပ္ကြပ္မႈကို ရႈတ္ခ်သလို၊ Lukashenka ႏုတ္ထြက္ေပးေရး ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

အင္တာနက္ Online မွာ လူထုရဲ႕ မ်က္ႏွာစာဟာ၊ ျပင္ပလက္ေတြ႔ လူထုရဲ႕ မ်က္ႏွာစာလိုဘဲ အေရးပါ ပါတယ္။ အစိုးရအေနနဲ႔ အင္တာနက္ဆက္သြယ္ေရးကို မပိတ္ပင္သင့္ပါဘူး။ မၾကာခဏ အင္တာနက္ ပိတ္ပင္တာဟာ ဒီမိုကရက္တစ္ လူ႔ေဘာင္ရဲ႔ အေျခခံျဖစ္တဲ့ လြတ္လပ္စြာထုတ္ေဖၚေျပာဆိုခြင့္၊ စုေဝးခြင့္နဲ႔ အသင္းအပင္းဖြဲ႔စည္းခြင့္ေတြအပါအဝင္၊ အေျခခံလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးကို သိမ္ငယ္ေအာင္ လုပ္သလိုျဖစ္ေနပါတယ္။

အင္တာနက္ပိတ္ဆို႔တာဟာ အသံုးျပဳသူအားလံုးကို ထိခိုက္ေစပါတယ္။ အထူးသျဖင့္ ခြဲျခားဆက္ဆံခံၾကရသူနဲ႔ ထိခိုက္လြယ္သူေတြကို ပိုၿပီးအထိနာေစပါတယ္။ အင္တာနက္ျဖတ္ေတာက္ၿပီး၊ သတင္းမီဒီယာလြတ္လပ္ခြင့္ကို ကန္႔သတ္သလို၊ အစိုးရေတြ တာဝန္ခံမႈ၊ တာဝန္ယူမႈရွိေစေရးအတြက္ အလြဲသံုးစားမႈေတြ၊ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကို ေဖၚထုတ္ေနတဲ့၊ လူ႕အခြင့္အေရးခုခံကာကြယ္သူေတြနဲ႔ သတင္းေထာက္ေတြရဲ႕ စြမ္းရည္ကိုပါ ထိခိုက္ေစပါတယ္။

ပိတ္ပင္ကန္႔သတ္မႈေတြဟာ သတင္းလြတ္လပ္စြာစီးဆင္းမႈကို အဟန္႔အတားျဖစ္ေစသလို၊ စီးပြားေရး လႈပ္ရွားမႈေတြကိုလည္း နစ္နာေစပါတယ္။ လူထု လံုၿခံဳမႈကို ထိခိုက္ေစၿပီး၊ ႏိုင္ငံေရးနဲ႔ လူမႈေရး မတည္ၿငိမ္မႈေတြကို ေပၚေပါက္ေစႏိုင္ပါတယ္။

အျပင္မွာ လူအခြင့္အေရးကို အကာအကြယ္ေပးသလို၊ အင္တာနက္ online မွာလည္း အကာအကြယ္ေပးရမွာျဖစ္ပါတယ္။ Belarus ႏိုင္ငံက ႏိုင္ငံတကာလူ႔အခြင္အေရးစံေတြကို ေလးစားလိုက္ဖို႔လိုအပ္တာနဲ႔အညီ၊ အာဏာပိုင္ေတြအေနနဲ႔ အင္တာနက္ပိတ္ပင္တာ၊ ပိတ္ဆို႔တာနဲ႔ ဝန္ေဆာင္မႈစိစစ္တာေတြကို ဆက္ၿပီးမလုပ္ဖို႔အတြက္၊ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံေတြက ေတာင္းဆိုလိုက္ပါတယ္။ တရားဥပေဒစိုးမိုးေရး၊ ဒီမိုကေရစီ၊ အေျခခံလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးေလးစားဖို႔အပါအဝင္၊ လူထုမ်က္ႏွာစာ အခင္းအက်င္းကို မျဖစ္မေနေလးစားဖို႔ Belarus အစိုးရမွာ တာဝန္ရွိပါတယ္။

Belarus ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြအားလံုးအတြက္ မျဖစ္မေန သီးျခားလြတ္လပ္စြာ စံုစမ္းစစ္ေဆးဖို႔နဲ႔ က်ဴးလြန္သူေတြကို တရားဥပေဒအရအေရးယူရမွာ ျဖစ္ေၾကာင္းပါခင္ဗ်။

..............

Belarus မှာ အင်တာနက် ပိတ်ဆို့မှု အမေရိကန် စိုးရိမ်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

Belarus နိုင်ငံမှာ သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြနေကြတာကို တုံ့ပြန်တဲ့အနေနဲ့ ဘယ်လာရုစ်အာဏာပိုင်တွေက အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်၊ online မှာတင်တဲ့ post တွေကို ကန့်သတ်တာတွေ ဆက်လုပ်နေပါတယ်။

Alexander Lukashenka အစိုးရက အင်တာနက်လုံးဝဖြတ်တောက်တာ၊ တစိတ်တပိုင်း ကန့်သတ်တာတွေ ဆက်လက်လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအပါအဝင် တခြား နိုင်ငံ ၃၅ နိုင်ငံကအပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အင်တာနက်ဆက်သွယ်ရေး ပိတ်ပစ်တာ၊ ကန့်သတ်တာ၊ ဒါမှမဟုတ် ဝန်ဆောင်မှုစိစစ်တာတွေဟာ ငြိမ်းချမ်းစွာစုဝေးခွင့်၊ လွတ်လပ်စွာစုစည်းထုတ်ဖေါ်ခွင့်တွေကို ကန့်သတ်ဖို့အတွက် တရားသဖြင့် လျော်ကန်မှုမရှိဘူးလို့ အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒီကန့်သတ်ချက်တွေနဲ့အတူ အတိုက်အခံကိုယ်စားလှယ်လောင်းတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်အောင် အကျပ်ကိုင်တာတွေလည်းရှိပါတယ်။ ပြည်သူလူထု လုပ်ပိုင်ခွင့်တွေ ပိုပြီး ဆုတ်ယုတ်အောင်၊ လူမှုကွန်ယက်၊ အပါအဝင် Digital ဆက်သွယ်ရေး လမ်းကြောင်းတွေကို ကန့်သတ်၊ သတင်းထောက်တွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ဘယ်လာရုစ်ပြည်သူတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးပြီး ထိန်းသိမ်းနေပါတယ်။

နှိပ်ကွပ်အရေးယူတာတွေကြားက သူတို့အသံကြားရအောင်၊ ဆန္ဒပြတောင်းဆိုနေတဲ့ သတ္တိရှိတဲ့ ဘယ်လာရုစ်ပြည်သူတွေနဲ့အတူ အမေရိကန်နဲ့ မဟာမိတ်တွေက ဆက်လက် ရပ်တည်သွားမှာဖြစ်ပါတယ်။တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် တောင်းဆိုကြတဲ့အထဲမှာ အမျိုးသမီးတွေ အဓိကကျတဲ့ အခန်းက ပါဝင်နေတာဟာလည်း မှတ်သားထိုက်တဲ့ အချက်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မသမာတဲ့ ရွေးကောက်ပွဲပြီးကတည်းက အပတ်စဉ် စနေနေ့တိုင်း ထောင်သောင်းချီတဲ့ အမျိုးသမီးတွေ ချီတက်ကြပြီး အကြမ်းဖက်နှိပ်ကွပ်မှုကို ရှုတ်ချသလို၊ Lukashenka နုတ်ထွက်ပေးရေး တောင်းဆိုနေကြတာဖြစ်ပါတယ်။

အင်တာနက် Online မှာ လူထုရဲ့ မျက်နှာစာဟာ၊ ပြင်ပလက်တွေ့ လူထုရဲ့ မျက်နှာစာလိုဘဲ အရေးပါ ပါတယ်။ အစိုးရအနေနဲ့ အင်တာနက်ဆက်သွယ်ရေးကို မပိတ်ပင်သင့်ပါဘူး။ မကြာခဏ အင်တာနက် ပိတ်ပင်တာဟာ ဒီမိုကရက်တစ် လူ့ဘောင်ရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ အသင်းအပင်းဖွဲ့စည်းခွင့်တွေအပါအဝင်၊ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို သိမ်ငယ်အောင် လုပ်သလိုဖြစ်နေပါတယ်။

အင်တာနက်ပိတ်ဆို့တာဟာ အသုံးပြုသူအားလုံးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ခွဲခြားဆက်ဆံခံကြရသူနဲ့ ထိခိုက်လွယ်သူတွေကို ပိုပြီးအထိနာစေပါတယ်။ အင်တာနက်ဖြတ်တောက်ပြီး၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်သလို၊ အစိုးရတွေ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် အလွဲသုံးစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဖေါ်ထုတ်နေတဲ့၊ လူ့အခွင့်အရေးခုခံကာကွယ်သူတွေနဲ့ သတင်းထောက်တွေရဲ့ စွမ်းရည်ကိုပါ ထိခိုက်စေပါတယ်။

ပိတ်ပင်ကန့်သတ်မှုတွေဟာ သတင်းလွတ်လပ်စွာစီးဆင်းမှုကို အဟန့်အတားဖြစ်စေသလို၊ စီးပွားရေး လှုပ်ရှားမှုတွေကိုလည်း နစ်နာစေပါတယ်။ လူထု လုံခြုံမှုကို ထိခိုက်စေပြီး၊ နိုင်ငံရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေကို ပေါ်ပေါက်စေနိုင်ပါတယ်။

အပြင်မှာ လူအခွင့်အရေးကို အကာအကွယ်ပေးသလို၊ အင်တာနက် online မှာလည်း အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ Belarus နိုင်ငံက နိုင်ငံတကာလူ့အခွင်အရေးစံတွေကို လေးစားလိုက်ဖို့လိုအပ်တာနဲ့အညီ၊ အာဏာပိုင်တွေအနေနဲ့ အင်တာနက်ပိတ်ပင်တာ၊ ပိတ်ဆို့တာနဲ့ ဝန်ဆောင်မှုစိစစ်တာတွေကို ဆက်ပြီးမလုပ်ဖို့အတွက်၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ၊ အခြေခံလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးလေးစားဖို့အပါအဝင်၊ လူထုမျက်နှာစာ အခင်းအကျင်းကို မဖြစ်မနေလေးစားဖို့ Belarus အစိုးရမှာ တာဝန်ရှိပါတယ်။

Belarus ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအားလုံးအတွက် မဖြစ်မနေ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို တရားဥပဒေအရအရေးယူရမှာ ဖြစ်ကြောင်းပါခင်ဗျ။