(Zawgyi/Unicode)
အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။
ပါကစၥတန္ႏိုင္ငံမွာ က်န္းမာေရးျပဳ စုေစာင့္ေရွာက္မႈ တိုးတက္ေစဖို႔နဲ႔ ေရာဂါကူးစက္မႈအေျခအေနေတြ ေစာင့္ၾကည့္ႏိုင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုနဲ႔ ပါကစၥတန္ႏိုင္ငံပူးေပါင္းၿပီး၊ အစီအစဥ္ ၂ ရပ္ကို ထူေထာင္လိုက္ပါတယ္။ ေဆးဝါးေတြ ယံုၾကည္ စိတ္ခ်ရမႈနဲ႔ အာနိသင္သက္ေရာက္မႈေတြကို စိစစ္ အကဲျဖတ္တဲ့ အစီအစဥ္နဲ႔ ႏိုင္ငံရဲ႕ ကူးစက္ေရာျပန္႕ပြားမႈ ေစာင့္ၾကည့္ႏိုင္စြမ္းတိုးတက္ေစမယ့္ အစီအစဥ္ေတြျဖစ္ပါတယ္။
ပါကစၥတန္ေဆးဝါးထုတ္လုပ္ေရး၊ လုပ္ထံုးလုပ္နည္းခ်မွတ္၊ စိစစ္တဲ့ အာဏာပိုင္နဲ႔ USAID အေမရိကန္ႏိုင္ငံတကာ ဖြ႔ံၿဖိဳးမႈေအဂ်င္စီ ပူးေပါင္းၿပီး၊ ေဆးဝါးအသစ္ထုတ္လုပ္တာေတြ ေစာင့္ၾကည့္ဖို႔ နဲ႔ မွတ္ပံုတင္ခြင့့္ျပဳတဲ့ နည္းစံနစ္ အသစ္တရပ္ကို ဒီဇင္ဘာလဆန္းက စတင္ အေကာင္အထည္ေဖၚလိုက္ပါတယ္။
ပါကစၥတန္ လုပ္ထံုးလုပ္နည္း သတင္းအခ်က္အလက္ စီမံကြပ္ကဲေရးစနစ္လို႔ေခၚတဲ့ ဒီအစီအစဥ္သစ္ အေနနဲ႔ ပါကစၥတန္ကုမၸဏီေတြ ေဆးဝါးထုတ္လုပ္ခြင့္ အလြယ္တကူေလွ်ာက္ထားႏိုင္သလို၊ စိတ္ခ်ရတဲ့ အာနိသင္ရွိတဲ့ ေဆးေတြကို ျမန္ဆန္စြာ ထုတ္လုပ္ႏိုင္ၿပီး၊ တန္ဖိုး သက္သာစြာနဲ႔ ျဖန္႔ျဖဴ း ႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ ဒါ့အျပင္၊ ႏိုင္ငံတကာေဆးဝါးထုတ္လုပ္မႈ စံႏံႈးေတြနဲ႔ အညီ ထုတ္လုပ္ၿပီး၊ ႏိုင္ငံတကာေဈးကြက္ကိုပါ ခ်ဲ႔ထြင္ႏိုင္ဖို႔အတြက္လည္း ဒီအစီအစဥ္က အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။
ပါကစၥတန္ႏိုင္ငံတခြင္၊ COVID-19 လို ကူးစက္ေရာဂါ ျပန္႔ပြားမႈ ေစာင့္ၾကည့္ႏိုင္ဖို႔ ေဒသခံက်န္းမာေရးဝန္ထမ္းေတြ စြမ္းရည္ျမင့္မားေအာင္ ခရိုင္ေရာဂါေစာင့္ၾကည့္ေရးဌာန ၁၅၀ ကို ဖြင့္လွစ္ေပးလိုက္ေၾကာင္း၊ အေမရိကန္နဲ႔ ပါကစၥတန္အစိုးရ တာဝန္ရွိသူေတြကေၾကညာလိုက္ပါတယ္။။
USAID ကေန၊ ကပ္ေရာဂါ အလ်င္အျမန္ တံု႔ျပန္ေရးအဖြဲ႔ေတြအတြက္၊COVID-19 အတည္ျပဳလူနာေတြနဲ႔ ဆက္စပ္သူေတြကို ေစာင့္ၾကည့္ရွာေဖြတဲ့ နည္းစနစ္ ဆိုင္ရာသင္တန္းေတြေပးေနပါတယ္။ျပည္နယ္နဲ႔ ခရိုင္အဆင့္ၾကား အခ်ိန္နဲ႔ တေျပးညီ ဆက္သြယ္ညွိႏိႈင္းေရး တိုးတက္ေအာင္နဲ႔၊COVID-19 ေရာဂါ ကူးစက္မႈ အမ်ားဆံုး ျဖစ္ႏိုင္ေျခရွိတဲ့ ေဒသေတြကို ခြဲျခားသတ္မွတ္ၿပီး၊ အခ်က္အလက္ေတြ အသံုးျပဳႏိုင္ေအာင္လည္း သင္တန္းေပးေနပါတယ္။
ပါကစၥတန္ က်န္းမာေရးဆိုင္ရာ ဝန္ႀကီးခ်ဳပ္ရဲ႕ အထူးလက္ေထာက္ Dr. Faisal Sultanက အေမရိကန္အစိုးရကို ေက်းဇူးတင္ရွိပါေၾကာင္း အေလးအနက္ေျပာဆိုလိုက္ပါတယ္။ ဒီပံ့ပိုးမႈအေနနဲ႔ ပါကစၥတန္ႏိုင္ငံတြင္း ေရာဂါအေျခအေန ေစာင့္ၾကည့္တဲ့စနစ္ႀကီးတခု က်က်နန ထူေထာင္ႏိုင္တဲ့အထိ ခရီးေရာက္ႏိုင္တယ္ဆိုတာကို အသိအမွတ္ျပဳတဲ့ အေၾကာင္လည္းေျပာပါတယ္။
အေမရိကန္နဲ႔ ပါကစၥတန္ ႏိုင္ငံဟာ ဒီနယ္ပယ္မွာ ေရွ႔တန္းက ပူးေပါင္းပါဝင္ေနၿပီး၊ GHSA လို႔ေခၚတဲ့ ကမၻာ့က်န္းမာေရး ယံုၾကည္စိတ္ခ်ရမႈ ႏိုင္ငံတကာ အစီအစဥ္မွာ ပူးတြဲေခါင္ေဆာင္မႈက တဆင့္ကသာမက၊ တႏိုင္ငံခ်င္းအလိုက္၊ လူမႈ အသိုင္းအဝိုင္းေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္က္ေနပါတယ္။
COVID-19 လို လူထုက်န္းမာေရးအတြက္ အႏၱရာယ္မ်ားလွတဲ့ ကူးစက္ေရာဂါေတြကို အလ်င္အျမန္ ေထာက္လွမ္း၊ ရွာေဖြ၊ တုန္႔ျပန္ႏိုင္ဖို႔ ဆိုတာ သိပ္အေရးႀကီးပါတယ္။ ပါကစၥတန္ႏိုင္ငံမွာ လူထုက်န္းမာေရး အႏၱရာယ္ကို အျမန္ဆံုးတံု႔ျပန္ႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္း ၃၀၀၀ နီးပါး ပါဝင္တဲ့ ခရိုင္ေရာဂါရွာေဖြ၊ တံု႔ျပန္ေရးဌာနေတြ ထူေထာင္ႏိုင္ခဲ့တဲ့ ပါကစၥတန္အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ရတာ အားရေက်နပ္မိတယ္လို႔ ပါကစၥတန္ႏိုင္ငံဆိုင္ရာ USAID ညႊန္ၾကားေရးမွဴ း Julie Koenen ကေျပာပါတယ္။
ပါကစၥတန္ႏိုင္ငံတြင္း၊ COVID-19 နဲ႔ တျခားကူးစက္ေရာဂါေတြ ဟန္႔တားေရးအတြက္၊ ျပည္နယ္၊ တိုင္းေဒသနဲ႔ ျပည္ေထာင္စုအဆင့္အလိုက္၊ ဆက္သြယ္ညွိႏိႈင္းႏိုင္ေရး ဌာနေတြဖြင့္လွစ္ေပးႏိုင္ဖို႔၊ စိန္ေခၚအကဲစမ္းမႈေတြကို ေက်ာ္လႊားၿပီး၊ အေရးပါတဲ့ မတည္မႈေတြနဲ႔ အတူ ဆက္လက္ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ပါကစၥတန္အစိုးရကို ေက်းဇူးတင္ရွိပါေၾကာင္း ပါကစၥတန္ဆိုင္ရာ USAID ညႊန္ၾကားေရးမွဴ း Julie Koenen ကေျပာဆိုလိုက္ေၾကာင္းပါ။
.............
ပါကစ္စတန် ကျန်းမာရေးစောင့်ရှောက်မှု အမေရိကန် ပူးပေါင်းကူညီမည်
(Unicode)
အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။
ပါကစ္စတန်နိုင်ငံမှာ ကျန်းမာရေးပြု စုစောင့်ရှောက်မှု တိုးတက်စေဖို့နဲ့ ရောဂါကူးစက်မှုအခြေအနေတွေ စောင့်ကြည့်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်နိုင်ငံပူးပေါင်းပြီး၊ အစီအစဉ် ၂ ရပ်ကို ထူထောင်လိုက်ပါတယ်။ ဆေးဝါးတွေ ယုံကြည် စိတ်ချရမှုနဲ့ အာနိသင်သက်ရောက်မှုတွေကို စိစစ် အကဲဖြတ်တဲ့ အစီအစဉ်နဲ့ နိုင်ငံရဲ့ ကူးစက်ရောပြန့်ပွားမှု စောင့်ကြည့်နိုင်စွမ်းတိုးတက်စေမယ့် အစီအစဉ်တွေဖြစ်ပါတယ်။
ပါကစ္စတန်ဆေးဝါးထုတ်လုပ်ရေး၊ လုပ်ထုံးလုပ်နည်းချမှတ်၊ စိစစ်တဲ့ အာဏာပိုင်နဲ့ USAID အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ ပူးပေါင်းပြီး၊ ဆေးဝါးအသစ်ထုတ်လုပ်တာတွေ စောင့်ကြည့်ဖို့ နဲ့ မှတ်ပုံတင်ခွင့်ပြုတဲ့ နည်းစံနစ် အသစ်တရပ်ကို ဒီဇင်ဘာလဆန်းက စတင် အကောင်အထည်ဖေါ်လိုက်ပါတယ်။
ပါကစ္စတန် လုပ်ထုံးလုပ်နည်း သတင်းအချက်အလက် စီမံကွပ်ကဲရေးစနစ်လို့ခေါ်တဲ့ ဒီအစီအစဉ်သစ် အနေနဲ့ ပါကစ္စတန်ကုမ္ပဏီတွေ ဆေးဝါးထုတ်လုပ်ခွင့် အလွယ်တကူလျှောက်ထားနိုင်သလို၊ စိတ်ချရတဲ့ အာနိသင်ရှိတဲ့ ဆေးတွေကို မြန်ဆန်စွာ ထုတ်လုပ်နိုင်ပြီး၊ တန်ဖိုး သက်သာစွာနဲ့ ဖြန့်ဖြူ း နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင်၊ နိုင်ငံတကာဆေးဝါးထုတ်လုပ်မှု စံနှုံးတွေနဲ့ အညီ ထုတ်လုပ်ပြီး၊ နိုင်ငံတကာဈေးကွက်ကိုပါ ချဲ့ထွင်နိုင်ဖို့အတွက်လည်း ဒီအစီအစဉ်က အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံတခွင်၊ COVID-19 လို ကူးစက်ရောဂါ ပြန့်ပွားမှု စောင့်ကြည့်နိုင်ဖို့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ စွမ်းရည်မြင့်မားအောင် ခရိုင်ရောဂါစောင့်ကြည့်ရေးဌာန ၁၅၀ ကို ဖွင့်လှစ်ပေးလိုက်ကြောင်း၊ အမေရိကန်နဲ့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေကကြေညာလိုက်ပါတယ်။။
USAID ကနေ၊ ကပ်ရောဂါ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့တွေအတွက်၊COVID-19 အတည်ပြုလူနာတွေနဲ့ ဆက်စပ်သူတွေကို စောင့်ကြည့်ရှာဖွေတဲ့ နည်းစနစ် ဆိုင်ရာသင်တန်းတွေပေးနေပါတယ်။ပြည်နယ်နဲ့ ခရိုင်အဆင့်ကြား အချိန်နဲ့ တပြေးညီ ဆက်သွယ်ညှိနှိုင်းရေး တိုးတက်အောင်နဲ့၊COVID-19 ရောဂါ ကူးစက်မှု အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ ဒေသတွေကို ခွဲခြားသတ်မှတ်ပြီး၊ အချက်အလက်တွေ အသုံးပြုနိုင်အောင်လည်း သင်တန်းပေးနေပါတယ်။
ပါကစ္စတန် ကျန်းမာရေးဆိုင်ရာ ဝန်ကြီးချုပ်ရဲ့ အထူးလက်ထောက် Dr. Faisal Sultanက အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ပြောဆိုလိုက်ပါတယ်။ ဒီပံ့ပိုးမှုအနေနဲ့ ပါကစ္စတန်နိုင်ငံတွင်း ရောဂါအခြေအနေ စောင့်ကြည့်တဲ့စနစ်ကြီးတခု ကျကျနန ထူထောင်နိုင်တဲ့အထိ ခရီးရောက်နိုင်တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ အကြောင်လည်းပြောပါတယ်။
အမေရိကန်နဲ့ ပါကစ္စတန် နိုင်ငံဟာ ဒီနယ်ပယ်မှာ ရှေ့တန်းက ပူးပေါင်းပါဝင်နေပြီး၊ GHSA လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေး ယုံကြည်စိတ်ချရမှု နိုင်ငံတကာ အစီအစဉ်မှာ ပူးတွဲခေါင်ဆောင်မှုက တဆင့်ကသာမက၊ တနိုင်ငံချင်းအလိုက်၊ လူမှု အသိုင်းအဝိုင်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်က်နေပါတယ်။
COVID-19 လို လူထုကျန်းမာရေးအတွက် အန္တရာယ်များလှတဲ့ ကူးစက်ရောဂါတွေကို အလျင်အမြန် ထောက်လှမ်း၊ ရှာဖွေ၊ တုန့်ပြန်နိုင်ဖို့ ဆိုတာ သိပ်အရေးကြီးပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူထုကျန်းမာရေး အန္တရာယ်ကို အမြန်ဆုံးတုံ့ပြန်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်း ၃၀၀၀ နီးပါး ပါဝင်တဲ့ ခရိုင်ရောဂါရှာဖွေ၊ တုံ့ပြန်ရေးဌာနတွေ ထူထောင်နိုင်ခဲ့တဲ့ ပါကစ္စတန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရတာ အားရကျေနပ်မိတယ်လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ USAID ညွှန်ကြားရေးမှူ း Julie Koenen ကပြောပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း၊ COVID-19 နဲ့ တခြားကူးစက်ရောဂါတွေ ဟန့်တားရေးအတွက်၊ ပြည်နယ်၊ တိုင်းဒေသနဲ့ ပြည်ထောင်စုအဆင့်အလိုက်၊ ဆက်သွယ်ညှိနှိုင်းနိုင်ရေး ဌာနတွေဖွင့်လှစ်ပေးနိုင်ဖို့၊ စိန်ခေါ်အကဲစမ်းမှုတွေကို ကျော်လွှားပြီး၊ အရေးပါတဲ့ မတည်မှုတွေနဲ့ အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်နေတဲ့ ပါကစ္စတန်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ပါကစ္စတန်ဆိုင်ရာ USAID ညွှန်ကြားရေးမှူ း Julie Koenen ကပြောဆိုလိုက်ကြောင်းပါ။