လြတ္လပ္စြာေျပာဆုိခြင့္ကုိ က်ဴးဘားအစုိးရ ဖိႏွိပ္ ခ်ဳပ္ခ်ယ္ေနဆဲ

Cuba protesters

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

လြတ္လပ္စြာ ေျပာဆိုခြင့္ရဖို႔ ဆႏၵျပခဲ့တဲ့ က်ဴးဘား လူငယ္ေတြနဲ႔ က်ဴးဘားအစိုးရအၾကား ေတြ႕ဆုံေဆြးေႏြးပြဲ အခ်ိန္ တိုေတာင္းတာက အံ့ဩစရာေတာ့ မဟုတ္ပါ။ က်ဴးဘား ယဥ္ေက်းမႈ ဒုတိယဝန္ႀကီး Fernando Rojas နဲ႔ ဆႏၵျပ ကိုယ္စားလွယ္ေတြအၾကား ေဆြးေႏြးခ်ိန္ ၂၄ နာရီ မျပည့္ ေသးခင္မွာပဲ ျပည္သူေတြရဲ့ အခြင့္အေရးကို ေလးစားေၾကာင္း ျပသနိုင္တဲ့ အခြင့္အေရးကို က်ဴးဘား အစိုးရက လက္လႊတ္ခံခဲ့ပါတယ္။ ေဆြးေႏြးပြဲ အၿပီး ဒုတိယဝန္ႀကီး Rojas က ဆႏၵျပသူေတြကို ရႈတ္ခ်လိုက္သလို သူတို႔တစ္ေတြ စိုးရိမ္ေနတဲ့ ဆင္ဆာျဖတ္ေတာက္မႈနဲ႔ အႏုပညာသမားေတြအေပၚ ရဲတပ္ဖြဲ႕ဝင္ေတြရဲ့ တိုက္ခိုက္မႈ ေတြအေပၚမွာလည္း အေလးမထားခဲ့ပါဘူး။

ဆႏၵျပသူေတာ္ေတာ္မ်ားမ်ားက San Isidro လႈပ္ရွားမႈ အဖြဲ႕ဝင္ေတြ ျဖစ္ပါတယ္။ အဲဒီအဖြဲ႕မွာ စာေရးဆရာေတြ၊ ပန္းခ်ီဆရာေတြ၊ ဂီတသမားေတြနဲ႔ ျပည္သူေတြ ပါဝင္ပါတယ္။ အႏုပညာ လႈပ္ရွားမႈတိုင္းကို စာရင္းသြင္းအသိေပး တင္ျပရမယ္ဆိုတဲ့ ဥပေဒအပါအဝင္ သူတို႔အေပၚ အစိုးရက ကန္႔သတ္ ခ်ဳပ္ခ်ယ္ေနတာကို လက္မခံဘဲ မခံမရပ္ ျဖစ္ေနသူေတြပါ။

လြတ္လပ္စြာ ေျပာဆိုခဲ့တဲ့ ဂီတ ပညာရွင္ Denis Solis Gonzalez အပါအဝင္ ထင္ရွားတဲ့ အဖြဲ႕ဝင္ေတြကို အက်ဥ္းခ်ခဲ့တာေၾကာင့္ ဆႏၵျပပြဲေတြ မၾကာေသးခင္က ျဖစ္ပြားေနတာပါ။

Solis က က်ဴးဘားနိုင္ငံထဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အေၾကာင္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုေနတဲ့အေပၚ အစိုးရက ထပ္ခါတလဲလဲ ပစ္မွတ္ထားေစာင့္ၾကည့္ေနၿပီး နိုဝင္ဘာလ ၉ ရက္ေန႔မွာေတာ့ သူ႔ကို ဖမ္းဆီးခဲ့ပါတယ္။။ ဖမ္းဆီးၿပီး ၃ ရက္ၾကာ ျပင္ပနဲ႔ဆက္သြယ္ခြင့္ မရခဲ့ဘဲ သိပ္မၾကာခင္မွာေတာ့ မေလးမစား လုပ္မႈနဲ႔ သူ႔ကို ေထာင္ ၈ လ ခ်မွတ္လိုက္ပါတယ္။

သူ႔တင္မကဘဲ က်ဴးဘား အာဏာပိုင္ေတြက ဒါဇင္နဲ႔ခ်ီတဲ့ သတင္းသမားေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကိုပါ ဖမ္းဆီးခဲ့ပါတယ္။ သူတို႔က Solis ဖမ္းဆီးခံရတဲ့အေၾကာင္းကို ပိုသိခ်င္ေနသူေတြ ျဖစ္ၿပီး သူ႔ လြတ္ေျမာက္ေရးကို ေတာင္းဆိုေနသူေတြလည္း ျဖစ္ပါတယ္။

အစိုးရက ဒီလို ၾကမ္းၾကမ္းတမ္းတမ္း တုန္႔ျပန္ေပမဲ့ Solis အတြက္ ဆႏၵျပတာေတြနဲ႔ လြတ္လပ္စြာ ေျပာဆိုခြင့္အတြက္ ဆႏၵျပတာေတြက ဆက္လက္ ျဖစ္ပြားေနဆဲပါ။ ရဲတပ္ဖြဲ႕ကလည္း ႏွိမ္နင္းမႈနဲ႔ ဖမ္းဆီးမႈေတြကို ဆက္လုပ္ေနဆဲျဖစ္ပါတယ္။

က်ဴးဘားအစိုးရက ဒီလို ဖိႏွိပ္ ခ်ဳပ္ခ်ယ္ေနတာကို Amnesty International အဖြဲ႕အပါအဝင္ နိုင္ငံတကာ အသိုက္အဝိုင္းက ကန္႔ကြက္ရႈတ္ခ်ၾကပါတယ္။ အေမရိကန္ အစိုးရကေတာ့ ပိုၿပီး တင္းမာတဲ့ ရပ္တည္ခ်က္ ထားရွိပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားသူ Denis Solis Gonzalez ကို ေထာင္ခ်လိုက္တာကို ဆန္႔က်င္တဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို က်ဴးဘား အစိုးရက ႏွိမ္နင္းေန တာကို ျပင္းျပင္းထန္ထန္ ျပစ္တင္ ရႈတ္ခ်တယ္လို႔ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က သူ႔ရဲ့ ေၾကညာခ်က္မွာ ထည့္သြင္းေရးသားထားပါတယ္။

Solis ကို မတရား ေထာင္ခ်တာကို ႐ုပ္သိမ္းၿပီး ျပန္လႊတ္ေပးဖို႔လည္း က်ဴးဘား အစိုးရကို တိုက္တြန္းထားပါတယ္။

"အေမရိကန္ အစိုးရက က်ဴးဘားျပည္သူေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ပါတယ္။ က်ဴးဘား ျပည္သူေတြ သူတို႔ ရဲ့ ရပိုင္ခြင့္ အခြင့္အေရးကို အသုံး ခ်ေနတဲ့အေပၚ မတရားတုန္႔ျပန္တာကို အေမရိကန္နိုင္ငံက ဆက္လက္ ရႈတ္ခ်သြားပါမယ္။"လို႔ ဝန္ႀကီး Pompeo ကေျပာပါတယ္။

ကမၻာေပၚက တျခား ဒီမိုကေရစီ မိတ္ဖက္ နိုင္ငံေတြကလည္း ကတ္စထရို အစိုးရနဲ႔ ဆက္ဆံရာမွာ လူ႔အခြင့္အေရးကို ႀကိဳတင္ စည္းကမ္းခ်က္အျဖစ္ သတ္မွတ္ပါ။ က်ဴးဘား အစိုးရကို ျပစ္တင္ေဝဖန္မႈေတြ ပိုလုပ္ၾကပါလို႔လည္း ဝန္ႀကီး Pompeo က တိုက္တြန္းထားပါတယ္ ။

..............

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ရဖို့ ဆန္ဒပြခဲ့တဲ့ ကျူးဘား လူငယ်တွေနဲ့ ကျူးဘားအစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲ အချိန် တိုတောင်းတာက အံ့ဩစရာတော့ မဟုတ်ပါ။ ကျူးဘား ယဉ်ကျေးမှု ဒုတိယဝန်ကြီး Fernando Rojas နဲ့ ဆန္ဒပြ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးချိန် ၂၄ နာရီ မပြည့် သေးခင်မှာပဲ ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားကြောင်း ပြသနိုင်တဲ့ အခွင့်အရေးကို ကျူးဘား အစိုးရက လက်လွှတ်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီး ဒုတိယဝန်ကြီး Rojas က ဆန္ဒပြသူတွေကို ရှုတ်ချလိုက်သလို သူတို့တစ်တွေ စိုးရိမ်နေတဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ အနုပညာသမားတွေအပေါ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှု တွေအပေါ်မှာလည်း အလေးမထားခဲ့ပါဘူး။

ဆန္ဒပြသူတော်တော်များများက San Isidro လှုပ်ရှားမှု အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ၊ ဂီတသမားတွေနဲ့ ပြည်သူတွေ ပါဝင်ပါတယ်။ အနုပညာ လှုပ်ရှားမှုတိုင်းကို စာရင်းသွင်းအသိပေး တင်ပြရမယ်ဆိုတဲ့ ဥပဒေအပါအဝင် သူတို့အပေါ် အစိုးရက ကန့်သတ် ချုပ်ချယ်နေတာကို လက်မခံဘဲ မခံမရပ် ဖြစ်နေသူတွေပါ။

လွတ်လပ်စွာ ပြောဆိုခဲ့တဲ့ ဂီတ ပညာရှင် Denis Solis Gonzalez အပါအဝင် ထင်ရှားတဲ့ အဖွဲ့ဝင်တွေကို အကျဉ်းချခဲ့တာကြောင့် ဆန္ဒပြပွဲတွေ မကြာသေးခင်က ဖြစ်ပွားနေတာပါ။

Solis က ကျူးဘားနိုင်ငံထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနေတဲ့အပေါ် အစိုးရက ထပ်ခါတလဲလဲ ပစ်မှတ်ထားစောင့်ကြည့်နေပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။။ ဖမ်းဆီးပြီး ၃ ရက်ကြာ ပြင်ပနဲ့ဆက်သွယ်ခွင့် မရခဲ့ဘဲ သိပ်မကြာခင်မှာတော့ မလေးမစား လုပ်မှုနဲ့ သူ့ကို ထောင် ၈ လ ချမှတ်လိုက်ပါတယ်။

သူ့တင်မကဘဲ ကျူးဘား အာဏာပိုင်တွေက ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ သူတို့က Solis ဖမ်းဆီးခံရတဲ့အကြောင်းကို ပိုသိချင်နေသူတွေ ဖြစ်ပြီး သူ့ လွတ်မြောက်ရေးကို တောင်းဆိုနေသူတွေလည်း ဖြစ်ပါတယ်။

အစိုးရက ဒီလို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ပေမဲ့ Solis အတွက် ဆန္ဒပြတာတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဆန္ဒပြတာတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။ ရဲတပ်ဖွဲ့ကလည်း နှိမ်နင်းမှုနဲ့ ဖမ်းဆီးမှုတွေကို ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ကျူးဘားအစိုးရက ဒီလို ဖိနှိပ် ချုပ်ချယ်နေတာကို Amnesty International အဖွဲ့အပါအဝင် နိုင်ငံတကာ အသိုက်အဝိုင်းက ကန့်ကွက်ရှုတ်ချကြပါတယ်။ အမေရိကန် အစိုးရကတော့ ပိုပြီး တင်းမာတဲ့ ရပ်တည်ချက် ထားရှိပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ Denis Solis Gonzalez ကို ထောင်ချလိုက်တာကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျူးဘား အစိုးရက နှိမ်နင်းနေ တာကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က သူ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

Solis ကို မတရား ထောင်ချတာကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့လည်း ကျူးဘား အစိုးရကို တိုက်တွန်းထားပါတယ်။

"အမေရိကန် အစိုးရက ကျူးဘားပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပါတယ်။ ကျူးဘား ပြည်သူတွေ သူတို့ ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို အသုံး ချနေတဲ့အပေါ် မတရားတုန့်ပြန်တာကို အမေရိကန်နိုင်ငံက ဆက်လက် ရှုတ်ချသွားပါမယ်။"လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

ကမ္ဘာပေါ်က တခြား ဒီမိုကရေစီ မိတ်ဖက် နိုင်ငံတွေကလည်း ကတ်စထရို အစိုးရနဲ့ ဆက်ဆံရာမှာ လူ့အခွင့်အရေးကို ကြိုတင် စည်းကမ်းချက်အဖြစ် သတ်မှတ်ပါ။ ကျူးဘား အစိုးရကို ပြစ်တင်ဝေဖန်မှုတွေ ပိုလုပ်ကြပါလို့လည်း ဝန်ကြီး Pompeo က တိုက်တွန်းထားပါတယ် ။