တူရကီက Hamas အဖြဲ႔၀င္ေတြ လက္မခံသင့္

Hamas အဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

တူရကီႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုဟာ ေျမာက္အႏၱလန္တိတ္စစ္စာခ်ဳပ္အဖြဲ႔- NATO မဟာမိတ္ႏိုင္ငံေတြအျဖစ္ ရပ္တည္ခဲ့ၾကတာ ႏွစ္ ၇၀ နီးပါးရွိပါၿပီ။

ေဒသတြင္း လံုၿခံဳေရးနဲ႔ ၿငိမ္ဝပ္ပိျပားေရး၊ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈနဲ႔ လူ႔အခြင့္အေရးတိုးတက္မႈစတဲ့ နယ္ပယ္ေတြကို အာရုံစိုက္ၿပီး ႏွစ္ဘက္တူညီတဲ့ အက်ိဳးစီးပြားနဲ႔ အျပန္အလွန္ေလးစားမႈေတြကို အေျခခံၿပီး မိတ္ဖက္အျဖစ္ ရပ္တည္ခဲ့ၾကတာျဖစ္ပါတယ္။

အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရးမွာလည္း အေမရိကန္က တူရကီႏိုင္ငံနဲ႔အတူစည္းလံုး ညီညႊတ္စြာ ရပ္တည္ပါတယ္။

အၾကမ္းဖက္မႈတန္ျပန္ တိုက္ခိုက္ေရးပူးေပါင္းေဆာင္ရြက္မႈဟာ မိတ္ဘက္အျဖစ္ရပ္တည္ေရးအတြက္ မဟာဗ်ဴဟာရဲ႕ အဓိကက်တဲ့ အခ်က္ျဖစ္ပါတယ္။

က်ေနာ္တို႔ ရဲ႕ မိတ္ဘက္ႏိုင္ငံေတြဟာ အၾကမ္းဖက္မႈတိုက္ဖ်က္ရာမွာ စည္းလံုးညီညြတ္ၾကပါတယ္။ ဒါ့ေၾကာင့္ တူရကီသမၼတ Recep Tayyip Erdogan က Hamas ေခါင္းေဆာင္ႏွစ္ဦးကို ၾသဂုတ္လ ၂၂ ရက္ေန႔ အစၥတန္ဘူးလ္ၿမိဳ႕မွာ အိမ္ရွင္အျဖစ္လက္ခံေတြ႔ဆံုခဲ့တဲ့အေပၚ အေမရိကန္ကအခိုင္အမာကန္႔ကြက္တယ္လို႔ မၾကာခင္က ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။ အေမရိကန္နဲ႔ EU ဥေရာပသမဂၢ တို႔ က Hamas ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္သတ္မွတ္ထားေၾကာင္း၊ သမၼတ Erdogan လက္ခံေတြ႔ဆံု တဲ့ Hamas တာဝန္ရွိသူေတြဟာ ကမၻာ့အၾကမ္းဖက္သမားေတြအျဖစ္ အထူး သတ္မွတ္ထားတာ ျဖစ္ပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Morgan Ortagus ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

Hamas ကအစၥေရးႏိုင္ငံကို ဖ်က္ဆီးပစ္ဖို႔နဲ႔ ေဂ်ာ္ဒန္ျမစ္ကေန ေျမထဲပင္လယ္အထိ အစၥလာမ္မစ္ႏိုင္ငံထူေထာင္ဖို႔ ရည္းစူးေနတာျဖစ္ပါတယ္။သူ႔ရဲ႕ပစ္မွတ္ေတြက မၾကာခဏဆိုသလိုအရပ္သားေတြျဖစ္ၿပီး သူ႔ရဲ႕လက္နက္ေတြထဲမွာ မစ္ဇိုင္းဒံုးလက္နက္ေတြ၊ အေသခံဗံုးခြဲတာေတြ၊ ဒါးေတြနဲ႔ အၾကမ္းဖက္ဖို႔အသံုးျပဳတဲ့ လိုဏ္ေခါင္းေတြ ျဖစ္ပါတယ္။

Hamas ရဲ႕ အႀကီးတန္း ႏိုင္ငံေရးေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Ismail Haniyeh ဟာ သမၼတ Erdogan၊Istanbul ၿမိဳ႔မွာလက္ခံေတြ႔ဆံုခဲ့တဲ့သူေတြတည္းက တေယာက္ျဖစ္ပါတယ္။ Haniyeh ကို ၂၀၁၈ ခုႏွစ္က ကမၻာ့အၾကမ္းဖက္သမားမ်ားစာရင္းထဲမွာ အထူးသတ္မွတ္ထည့္သြင္း ခဲ့ပါတယ္။

Haniyeh ဟာ အေရွ႕ အလယ္ပိုင္းေဒသ တည္ၿငိမ္ေရးကို ထိပါး ၿခိမ္းေျခာက္တာ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အေရးမပါေအာင္လုပ္တာေတြ နဲ႔အေမရိကန္ရဲ႕ မဟာမိတ္ ေတြျဖစ္တဲ့ အီဂ်စ္နဲ႔ အစၥေရးႏိုင္ငံတို႔ကိုတိုက္ခိုက္တာ စတဲ့လုပ္ရပ္ေတြကို က်ဴးလြန္ခဲ့တာေၾကာင့္အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သူ႔ကိုအဓိက အၾကမ္းဖက္ေခါင္းေဆာင္လို႔ သတ္မွတ္ထားတာပါ။

သမၼတ Erdogan လက္ခံေတြဆံုခဲ့တဲ့ ဒုတိယေျမာက္လူကေတာ့ Hamas ရဲ႕ ဒုတိယအႀကီးအကဲျဖစ္တဲ့ Salih al-Aruri ပဲျဖစ္ပါတယ္။Al-Aruri ကေလယာဥ္ျပန္ေပးဆြဲတာ၊ လူျပန္ေပးဆြဲတာ စတဲ့အၾကမ္းဖက္ တိုက္ခိုက္မႈ အေတာ္မ်ားမ်ာနဲ႔ ဆက္ႏြယ္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္တုန္းက အေနာက္ဘက္ကမ္းေျခေဒသက အစၥေရးဆယ္ေက်ာ္သက္သံုးဦးကို ျပန္ေပးဆြဲၿပီး သတ္ျဖတ္ခဲ့မႈအေပၚ သူရဲေကာင္းစစ္ ဆင္ေရးလို႔ Al-Aruri ခ်ီးမြမ္းၿပီး ဒီအၾကမ္းဘက္လုပ္ရပ္ဟာ Hamas က တိုက္ခိုက္ခဲ့တာလို႔ေၾကညာခဲ့သူလည္းျဖစ္ပါတယ္။ အေမရိကန္ရဲ႕ တရားမွ်တေရးဆုခ်ီးျမွင့္တဲ့ အစီအစဥ္က သူ႔ကိုဖမ္းဆီးဖို႔အတြက္ ဆုေငြ ေဒၚလာ ၅ သန္းခ်ီးျမွင့္မယ္လို႔ ကမ္းလွမ္းထားတာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Morgan Ortagus က တူရကီႏိုင္ငံ မွာ ၾသဂုတ္လက ေတြ႔ဆံုပြဲဟာ သမၼတ Erdogan နဲ႔Hamas ေခါင္းေဆာင္ပိုင္းတို႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ျဖစ္တယ္ လို႔ေျပာပါတယ္။

သမၼတ Erdogan ကဒီအၾကမ္းဖက္အဖြဲ႔အစည္းေတြနဲ႔ ဆက္လက္ ေတြ႔ဆံုေနတဲ့အတြက္၊ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ တူရကီကို အထီးက်န္ေအာင္ ပစ္ပယ္ထားဖို႔သာ ထိုက္တန္ေၾကာင္း၊ပါလက္စတိုင္းေတြရဲ႕အက်ိဳးစီးပြားကို နစ္နာအာင္လုပ္ေနတဲ့အျပင္၊ ကမၻာတဝန္းက Gaza ေဒသက အၾကမ္း ဖက္တိုက္ခိုက္တာေတြကို ကာကြယ္ဖို႔ႀကိဳးစားေနတာကို ကပ်က္ယပ်က္ လုပ္ေနတယ္လို႔ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တူရကီအစိုးရနဲ႔ Hamas တို႔ရဲ႕ဆက္ဆံေရးကို အလြန္အမင္း စိုးရိမ္မကင္းျဖစ္ရတာကို ဆက္လက္ေထာက္ျပေနမွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက ေျပာဆိုလိုက္ေၾကာင္းပါ ခင္ဗ်ား။

..............

တူရကီက Hamas အဖွဲ့ဝင်တွေ လက်မခံသင့်
(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

တူရကီနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ မြောက်အန္တလန်တိတ်စစ်စာချုပ်အဖွဲ့- NATO မဟာမိတ်နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့ကြတာ နှစ် ၇၀ နီးပါးရှိပါပြီ။

ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးတိုးတက်မှုစတဲ့ နယ်ပယ်တွေကို အာရုံစိုက်ပြီး နှစ်ဘက်တူညီတဲ့ အကျိုးစီးပွားနဲ့ အပြန်အလှန်လေးစားမှုတွေကို အခြေခံပြီး မိတ်ဖက်အဖြစ် ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာလည်း အမေရိကန်က တူရကီနိုင်ငံနဲ့အတူစည်းလုံး ညီညွှတ်စွာ ရပ်တည်ပါတယ်။

အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မိတ်ဘက်အဖြစ်ရပ်တည်ရေးအတွက် မဟာဗျူဟာရဲ့ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။

ကျနော်တို့ ရဲ့ မိတ်ဘက်နိုင်ငံတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်ကြပါတယ်။ ဒါ့ကြောင့် တူရကီသမ္မတ Recep Tayyip Erdogan က Hamas ခေါင်းဆောင်နှစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့ အစ္စတန်ဘူးလ်မြို့မှာ အိမ်ရှင်အဖြစ်လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် အမေရိကန်ကအခိုင်အမာကန့်ကွက်တယ်လို့ မကြာခင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂ တို့ က Hamas ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားကြောင်း၊ သမ္မတ Erdogan လက်ခံတွေ့ဆုံ တဲ့ Hamas တာဝန်ရှိသူတွေဟာ ကမ္ဘာ့အကြမ်းဖက်သမားတွေအဖြစ် အထူး သတ်မှတ်ထားတာ ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Morgan Ortagus ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Hamas ကအစ္စရေးနိုင်ငံကို ဖျက်ဆီးပစ်ဖို့နဲ့ ဂျော်ဒန်မြစ်ကနေ မြေထဲပင်လယ်အထိ အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့ ရည်းစူးနေတာဖြစ်ပါတယ်။သူ့ရဲ့ပစ်မှတ်တွေက မကြာခဏဆိုသလိုအရပ်သားတွေဖြစ်ပြီး သူ့ရဲ့လက်နက်တွေထဲမှာ မစ်ဇိုင်းဒုံးလက်နက်တွေ၊ အသေခံဗုံးခွဲတာတွေ၊ ဒါးတွေနဲ့ အကြမ်းဖက်ဖို့အသုံးပြုတဲ့ လိုဏ်ခေါင်းတွေ ဖြစ်ပါတယ်။

Hamas ရဲ့ အကြီးတန်း နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Ismail Haniyeh ဟာ သမ္မတ Erdogan၊Istanbul မြို့မှာလက်ခံတွေ့ဆုံခဲ့တဲ့သူတွေတည်းက တယောက်ဖြစ်ပါတယ်။ Haniyeh ကို ၂၀၁၈ ခုနှစ်က ကမ္ဘာ့အကြမ်းဖက်သမားများစာရင်းထဲမှာ အထူးသတ်မှတ်ထည့်သွင်း ခဲ့ပါတယ်။

Haniyeh ဟာ အရှေ့ အလယ်ပိုင်းဒေသ တည်ငြိမ်ရေးကို ထိပါး ခြိမ်းခြောက်တာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရေးမပါအောင်လုပ်တာတွေ နဲ့အမေရိကန်ရဲ့ မဟာမိတ် တွေဖြစ်တဲ့ အီဂျစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုတိုက်ခိုက်တာ စတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာကြောင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကိုအဓိက အကြမ်းဖက်ခေါင်းဆောင်လို့ သတ်မှတ်ထားတာပါ။

သမ္မတ Erdogan လက်ခံတွေဆုံခဲ့တဲ့ ဒုတိယမြောက်လူကတော့ Hamas ရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ Salih al-Aruri ပဲဖြစ်ပါတယ်။Al-Aruri ကလေယာဉ်ပြန်ပေးဆွဲတာ၊ လူပြန်ပေးဆွဲတာ စတဲ့အကြမ်းဖက် တိုက်ခိုက်မှု အတော်များမျာနဲ့ ဆက်နွယ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက အနောက်ဘက်ကမ်းခြေဒေသက အစ္စရေးဆယ်ကျော်သက်သုံးဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့မှုအပေါ် သူရဲကောင်းစစ် ဆင်ရေးလို့ Al-Aruri ချီးမွမ်းပြီး ဒီအကြမ်းဘက်လုပ်ရပ်ဟာ Hamas က တိုက်ခိုက်ခဲ့တာလို့ကြေညာခဲ့သူလည်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ တရားမျှတရေးဆုချီးမြှင့်တဲ့ အစီအစဉ်က သူ့ကိုဖမ်းဆီးဖို့အတွက် ဆုငွေ ဒေါ်လာ ၅ သန်းချီးမြှင့်မယ်လို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Morgan Ortagus က တူရကီနိုင်ငံ မှာ သြဂုတ်လက တွေ့ဆုံပွဲဟာ သမ္မတ Erdogan နဲ့Hamas ခေါင်းဆောင်ပိုင်းတို့ရဲ့ ဒုတိယအကြိမ်မြောက်ဖြစ်တယ် လို့ပြောပါတယ်။

သမ္မတ Erdogan ကဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက် တွေ့ဆုံနေတဲ့အတွက်၊နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တူရကီကို အထီးကျန်အောင် ပစ်ပယ်ထားဖို့သာ ထိုက်တန်ကြောင်း၊ပါလက်စတိုင်းတွေရဲ့အကျိုးစီးပွားကို နစ်နာအာင်လုပ်နေတဲ့အပြင်၊ ကမ္ဘာတဝန်းက Gaza ဒေသက အကြမ်း ဖက်တိုက်ခိုက်တာတွေကို ကာကွယ်ဖို့ကြိုးစားနေတာကို ကပျက်ယပျက် လုပ်နေတယ်လို့ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ တူရကီအစိုးရနဲ့ Hamas တို့ရဲ့ဆက်ဆံရေးကို အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရတာကို ဆက်လက်ထောက်ပြနေမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုလိုက်ကြောင်းပါ ခင်ဗျား။