အသြင္ေျပာင္းေသာ္လည္း အစဥ္အလာမေျပာင္းပဲျပဳလုပ္မယ္႔ ၂၀၂၁ သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပဲြ

၂၀၂၁ သမၼတသစ္က်မ္းသစၥာက်ိန္ဆိုပဲြအတြက္ ျပင္ဆင္ထားမႈမ်ား

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

ဇန္နဝါရီလ ၂၀ ရက္ေန႔ ဒီကေန႔ မွာ Joseph Robinette Biden Jr. ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆို မွာျဖစ္ပါတယ္။ က်မ္းသစၥာ က်ိန္ဆိုၿပီး ခ်ိန္မွာေတာ့ အသက္ ၇၈ ႏွစ္နဲ႔ ၆၁ ရက္ရွိၿပီျဖစ္တဲ့ Joe Biden ဟာ အေမရိကန္ သမိုင္းမွာ အသက္အႀကီးဆံုသမၼတအျဖစ္ တာဝန္ထမ္းေဆာင္တဲ့ သူျဖစ္မွာပါ။

သူ႔ရဲ႕ ဒုတိယသမၼတ၊ အထက္လႊတ္ေတာ္အမတ္ေဟာင္း Kamala Harris ကေတာ့ ပထမဆံုး အမ်ိဳးသမီးအျဖစ္နဲ႔ သာမက၊ ပထမဆံုး အာဖရိကႏြယ္ဖြား အျဖစ္နဲ႔ေရာ၊ ပထမဆံုးေတာင္အာရွႏြယ္ဖြား တေယာက္အေနနဲ႕ပါ၊ ဒုတိယသမၼတ တာဝန္ထမ္းေဆာင္ ရမွာျဖစ္ပါတယ္။

၄၆ ေယာက္ေျမာက္ သမၼတရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကေတာ့ အစဥ္အလာအတိုင္း က်င္းပေနက်ပံုစံနဲ႔ မတူတဲ့ အစီအစဥ္ေတြနဲ႔ အေျခအေနအရ ေျပာင္းလဲေဆာင္ရြက္ရမွာပါ။ အစဥ္အလာအရ၊ အမ်ိဳးသားရင္ျပင္ရဲ႕ က်ယ္ေျပာလွတဲ့ ျမက္ခင္းျပင္ကို မ်က္ေစ့တဆံုး လွမ္းျမင္ႏိုင္တဲ့ အေမရိကန္လႊတ္ေတာ္အေဆာက္အဦးရဲ႕ အေနာက္ဖက္က စင္ျမင့္မွာ အေရြးေကာက္ခံသမၼတ ဘိုင္ဒင္န္နဲ႔ အေရြးေကာက္ခံဒုသမၼတ Harris တို႔ က်မ္းက်ိန္ၾကမွာျဖစ္ပါတယ္။

၁၉၈၁ ခုႏွစ္ကစၿပီး၊ အထူးဂုဏ္ျပဳဧည့္သည္ေတာ္ေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက စင္ျမင့္နဲ႔ အဆင့္ဆင့္ဝန္းရံေဆာက္လုပ္ထားတဲ့ စင္ေတြေပၚမွာ ေနရာယူၾကရပါတယ္။ အထက္နဲ႔ ေအာက္လႊတ္ေတာ္အမတ္ေတြအတြက္ သူတို႔ရဲ႕ မဲဆႏၵနယ္ေျမေတြက ျပည္သူေတြကို ဖိတ္ၾကားႏိုင္ဖို႔ သမၼတက်မ္းသစၥာက်န္ဆိုပြဲ ဝင္ခြင့္လက္မွတ္ ၂ သိန္းေက်ာ္ကိုျဖန္႔ေဝေပးေလ့ရွိပါတယ္။ ဒါေပမဲ့၊ ဒီႏွစ္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရးကန္႔သတ္ခ်က္ေတြေၾကာင့္၊ လႊတ္ေတာ္အမတ္တေယာက္ကို လက္မွတ္အပို တစ္ေစာင္စီဘဲ ေပးထားၿပီး လႊတ္ေတာ္ပုရိဝုဏ္အတြင္း လူ ၃၀၀၀ ထက္ပိုၿပီးဝင္ခြင့္ျပဳမွာ မဟုတ္ပါဘူး။

အရင္တုန္းကဆုိလ်င္ National mall အမ်ိဳးသားရင္ျပင္ႀကီးထဲကေန လူဦးေရ ၁.၈ သန္းေလာက္ အထိမ်ားျပားတဲ့ လူထုႀကီးက ေခါင္းေဆာင္အသစ္အတည္ျပဳတဲ့ အခမ္းအနားကို ၾကည့္ရႈ အားေပးခဲ့ၾကပါတယ္။ဒီႏွစ္ေတာ့ အဲဒီလို လူစုလူေဝးနဲ႔ မက်င္းပႏိုင္ေတာ့ပါဘူး။ က်မ္းသစၥာက်ိန္ဆိုၿပီးတာနဲ႔ တၿပိဳင္နက္ အခမ္းအနား ၈၀ ရာခိုင္ႏွဳန္းေလာက္က Online ကေနပါဝင္ဆင္ႏႊဲၿပီး ရုပ္ျမင္သံၾကားကေန ထုတ္လႊင့္ေပးရေတာ့မွာပါ။

ပံုမွန္ လူထု ၁ သန္းေက်ာ္ပါဝင္တဲ့ အခမ္းအနားကို ကိုယ္တိုင္ပါဝင္ဆင္ႏႊဲလို႔မရၾကေတာ့ဘဲ ရုပ္ျမင္သံၾကားကေနဘဲ ၾကည့္ရႈၾကရေတာ့မွာျဖစ္ပါတယ္။ အစဥ္အလာတရပ္အေနနဲ႕ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းတဲ့ သေကၤတအျဖစ္ က်မ္းသစၥာက်ိန္ဆိုပြဲအထိမ္းအမွတ္ ခ်ီတက္ပြဲအျပင္၊ သမၼတအသစ္က ဂုဏ္ျပဳတပ္ဖြဲ႔ ေတြကို စစ္ေဆးတဲ့ အခမ္းအနားေတြလည္း မက်င္းပႏိုင္ေတာ့ပါဘူး။

သမၼတရဲ႕ အဓိက တာဝန္ျဖစ္တဲ့ အေမရိကန္ျပည္သူေတြလံုၿခံဳမႈအတြက္ ျပည္ပအနၱရာယ္နဲ႔ ျပည္တြင္းရန္၊ ေနာက္ COVID-19 ကပ္ေရာဂါေဘးကေန အကာအကြယ္ေပးေရးအတြက္ ေဆာင္ရြက္ရမယ့္ ဝတၱရားေတြပါဝင္ ပါတယ္။

ဒီလို က်မ္းသစၥာက်ိန္ဆိုျခင္းဟာ၊ သမၼတအေနနဲ႔ အေမရိကန္ဖြဲ႔စည္းပံုအေျခခံဥပေဒအေပၚ သစၥာေစာင့္သိပါ့မယ္လို႔ ကတိကဝတ္ျပဳတာျဖစ္ပါတယ္။သူ႔ကိုယ္ပိုင္ခံစားခ်က္၊ ခံယူခ်က္၊ ကိုယ့္ပါတီအေပၚ သစၥာခံမႈ၊ ဒါမွမဟုတ္ ဘာသာေရး သက္ဝင္၊ ယံုၾကည္ကိုးကြယ္မႈစတာေတြ ဘယ္လိုပဲရွိရွိ၊ သူဟာ ဒီအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို တေသြမတိမ္းလိုက္နာ က်င့္သံုးရမွာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံသားဆိုရင္ ဘယ္ေနရာမွာပဲရွိရွိ၊ ႀကိဳက္တဲ့ ဘယ္ပါတီကိုဘဲ မဲေပးခဲ့၊ ေပးခဲ့၊ သူ႔ရဲ႕ မူဝါဒေတြကို သေဘာတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ၊ သူ က်မ္းသစၥာက်န္ဆိုၿပီးတာနဲ႔ တၿပိဳင္နက္၊အေမရိကန္ေတြ အားလံုးအတြက္ သူဟာ သမၼတျဖစ္သြားပါၿပီ။ဒီက်မ္းသစၥာက်န္ဆိုပြဲကေန စၿပီး သမၼတအေနနဲ႕ အမ်ိဳးသားေဆာင္ပုဒ္ျဖစ္တဲ့ E Pluribus Unum ဆိုတဲ့ အမ်ားထဲက တေယာက္ျဖစ္တယ္ဆိုတာကို မေမ့မေလ်ာ့ သတိနဲ႔ ဆင္ျခင္ရမွာ ျဖစ္ေၾကာင္းပါ။

..............

အသွင်ပြောင်းသော်လည်း အစဉ်အလာမပြောင်းပဲပြုလုပ်မယ့် ၂၀၂၁ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ မှာ Joseph Robinette Biden Jr. ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို မှာဖြစ်ပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပြီး ချိန်မှာတော့ အသက် ၇၈ နှစ်နဲ့ ၆၁ ရက်ရှိပြီဖြစ်တဲ့ Joe Biden ဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံသမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ သူဖြစ်မှာပါ။

သူ့ရဲ့ ဒုတိယသမ္မတ၊ အထက်လွှတ်တော်အမတ်ဟောင်း Kamala Harris ကတော့ ပထမဆုံး အမျိုးသမီးအဖြစ်နဲ့ သာမက၊ ပထမဆုံး အာဖရိကနွယ်ဖွား အဖြစ်နဲ့ရော၊ ပထမဆုံးတောင်အာရှနွယ်ဖွား တယောက်အနေနဲ့ပါ၊ ဒုတိယသမ္မတ တာဝန်ထမ်းဆောင် ရမှာဖြစ်ပါတယ်။

၄၆ ယောက်မြောက် သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကတော့ အစဉ်အလာအတိုင်း ကျင်းပနေကျပုံစံနဲ့ မတူတဲ့ အစီအစဉ်တွေနဲ့ အခြေအနေအရ ပြောင်းလဲဆောင်ရွက်ရမှာပါ။ အစဉ်အလာအရ၊ အမျိုးသားရင်ပြင်ရဲ့ ကျယ်ပြောလှတဲ့ မြက်ခင်းပြင်ကို မျက်စေ့တဆုံး လှမ်းမြင်နိုင်တဲ့ အမေရိကန်လွှတ်တော်အဆောက်အဦးရဲ့ အနောက်ဖက်က စင်မြင့်မှာ အရွေးကောက်ခံသမ္မတ ဘိုင်ဒင်န်နဲ့ အရွေးကောက်ခံဒုသမ္မတ Harris တို့ ကျမ်းကျိန်ကြမှာဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်ကစပြီး၊ အထူးဂုဏ်ပြုဧည့်သည်တော်တွေနဲ့ လွှတ်တော်အမတ်တွေက စင်မြင့်နဲ့ အဆင့်ဆင့်ဝန်းရံဆောက်လုပ်ထားတဲ့ စင်တွေပေါ်မှာ နေရာယူကြရပါတယ်။ အထက်နဲ့ အောက်လွှတ်တော်အမတ်တွေအတွက် သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေက ပြည်သူတွေကို ဖိတ်ကြားနိုင်ဖို့ သမ္မတကျမ်းသစ္စာကျန်ဆိုပွဲ ဝင်ခွင့်လက်မှတ် ၂ သိန်းကျော်ကိုဖြန့်ဝေပေးလေ့ရှိပါတယ်။ ဒါပေမဲ့၊ ဒီနှစ် ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးကန့်သတ်ချက်တွေကြောင့်၊ လွှတ်တော်အမတ်တယောက်ကို လက်မှတ်အပို တစ်စောင်စီဘဲ ပေးထားပြီး လွှတ်တော်ပုရိဝုဏ်အတွင်း လူ ၃၀၀၀ ထက်ပိုပြီးဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။

အရင်တုန်းကဆိုလျင် National mall အမျိုးသားရင်ပြင်ကြီးထဲကနေ လူဦးရေ ၁.၈ သန်းလောက် အထိများပြားတဲ့ လူထုကြီးက ခေါင်းဆောင်အသစ်အတည်ပြုတဲ့ အခမ်းအနားကို ကြည့်ရှု အားပေးခဲ့ကြပါတယ်။ဒီနှစ်တော့ အဲဒီလို လူစုလူဝေးနဲ့ မကျင်းပနိုင်တော့ပါဘူး။ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ တပြိုင်နက် အခမ်းအနား ၈၀ ရာခိုင်နှုန်းလောက်က Online ကနေပါဝင်ဆင်နွှဲပြီး ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပေးရတော့မှာပါ။

ပုံမှန် လူထု ၁ သန်းကျော်ပါဝင်တဲ့ အခမ်းအနားကို ကိုယ်တိုင်ပါဝင်ဆင်နွှဲလို့မရကြတော့ဘဲ ရုပ်မြင်သံကြားကနေဘဲ ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။ အစဉ်အလာတရပ်အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းတဲ့ သင်္ကေတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအထိမ်းအမှတ် ချီတက်ပွဲအပြင်၊ သမ္မတအသစ်က ဂုဏ်ပြုတပ်ဖွဲ့ တွေကို စစ်ဆေးတဲ့ အခမ်းအနားတွေလည်း မကျင်းပနိုင်တော့ပါဘူး။

သမ္မတရဲ့ အဓိက တာဝန်ဖြစ်တဲ့ အမေရိကန်ပြည်သူတွေလုံခြုံမှုအတွက် ပြည်ပအန္တရာယ်နဲ့ ပြည်တွင်းရန်၊ နောက် COVID-19 ကပ်ရောဂါဘေးကနေ အကာအကွယ်ပေးရေးအတွက် ဆောင်ရွက်ရမယ့် ဝတ္တရားတွေပါဝင် ပါတယ်။

ဒီလို ကျမ်းသစ္စာကျိန်ဆိုခြင်းဟာ၊ သမ္မတအနေနဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကတိကဝတ်ပြုတာဖြစ်ပါတယ်။သူ့ကိုယ်ပိုင်ခံစားချက်၊ ခံယူချက်၊ ကိုယ့်ပါတီအပေါ် သစ္စာခံမှု၊ ဒါမှမဟုတ် ဘာသာရေး သက်ဝင်၊ ယုံကြည်ကိုးကွယ်မှုစတာတွေ ဘယ်လိုပဲရှိရှိ၊ သူဟာ ဒီအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို တသွေမတိမ်းလိုက်နာ ကျင့်သုံးရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဆိုရင် ဘယ်နေရာမှာပဲရှိရှိ၊ ကြိုက်တဲ့ ဘယ်ပါတီကိုဘဲ မဲပေးခဲ့၊ ပေးခဲ့၊ သူ့ရဲ့ မူဝါဒတွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ သူ ကျမ်းသစ္စာကျန်ဆိုပြီးတာနဲ့ တပြိုင်နက်၊အမေရိကန်တွေ အားလုံးအတွက် သူဟာ သမ္မတဖြစ်သွားပါပြီ။ဒီကျမ်းသစ္စာကျန်ဆိုပွဲကနေ စပြီး သမ္မတအနေနဲ့ အမျိုးသားဆောင်ပုဒ်ဖြစ်တဲ့ E Pluribus Unum ဆိုတဲ့ အများထဲက တယောက်ဖြစ်တယ်ဆိုတာကို မမေ့မလျော့ သတိနဲ့ ဆင်ခြင်ရမှာ ဖြစ်ကြောင်းပါ။