ဒုတိယကမၻာစစ္ ၿပီးဆုံးျခင္း ၇၅ ႏွစ္ျပည့္

USS မစ္ဇူရီ အေမရိကန္စစ္သေဘၤာႀကီးေပၚမွာ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံ ကိုယ္စားလွယ္ေတြက ဂ်ပန္ရဲ႕ ခၽြင္းခ်က္မရွိ လက္နက္ခ်တဲ့ တရာဝင္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့

(Zawgyi/Unicode)

အေမရိကန္အစိုးရရဲ႕ သေဘာထားအျမင္အာေဘာ္ကို တင္ျပပါမယ္။

စက္တင္ဘာလ ၂ ရက္ေန႔ဟာ ပစိဖိတ္ေဒသတြင္း ဒုတိယကမၻာစစ္ႀကီးကို တရားဝင္ အဆံုးသတ္ခဲ့တဲ့ေန႔ျဖစ္ၿပီး ကမၻာတဝန္းပဋိပကၡကိုခ်ဳပ္ၿငိမ္းေစခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံ တိူက်ိဴပင္လယ္ေအာ္မွာ ေက်ာက္ခ်ရပ္နားထားတဲ့ USS မစ္ဇူရီ အေမရိကန္စစ္သေဘၤာႀကီးေပၚမွာ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံ ကိုယ္စားလွယ္ေတြက ဂ်ပန္ရဲ႕ ခၽြင္းခ်က္မရွိ လက္နက္ခ်တဲ့ တရာဝင္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဂ်ာမဏီႏိုင္ငံက ေမလ ၈ ရက္ေန႔မွာလက္နက္ခ်ခဲ့တာေၾကာင့္ ဥေရာပမွာ ဒုတိယကမၻာစစ္ ၿပီးဆံုးခဲ့ပါတယ္။ ဒီအခ်ိန္မွာ ပစိဖိတ္ေဒသရဲ႕ တိုက္ပြဲေတြကအရွိန္ျမင့္ေနဆဲျဖစ္ပါတယ္။ စက္တင္ဘာလ ၂ ရက္ေန႔ ဂ်ပန္ေတြ လက္နက္ခ်မွသာ အဆံုးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုက အႏုျမဴဗံုးကို ေအာင္ျမင္စြာ စမ္းသပ္ခဲ့ၿပီး ၁၀ ရက္အၾကာ၊ ဇူလိုင္လ ၂၆ ရက္ေန႔မွာ မဟာမိတ္ေခါင္းေဆာင္ေတြက Potsdam Declaration လို႔ေခၚတဲ့ ဂ်ပန္ အင္ပါယာ လက္နက္ခ်တဲ့အခါ လိုက္နာရမယ့္ မူေဘာင္ေတြကို အဓိပၸါယ္ဖြင့္ဆိုတဲ့ ေၾကညာစာတမ္းကို ထုတ္ျပန္ခဲ့ပါတယ္။ တကယ္လို႔ ဂ်ပန္က ဒီကမ္းလွမ္းခ်က္ကို လက္မခံဘူးဆိုရင္ ပိုဆိုးတဲ့ အစြမ္းကုန္ ပ်က္စီးျခင္းေတြနဲ႔ ခ်က္ျခင္း ဒုကၡေတြခံစားရလိမ့္မယ္လို႔ ေဖၚျပထားပါတယ္။ ဂ်ပန္ႏိုင္ငံက ဒီရာဇသံကို လက္မခံဘဲ ပယ္ခ်ခဲ့ပါတယ္။

Potsdam Declaration - ဂ်ပန္လက္နက္ခ်ေရး လိုက္နာရမယ့္မူေဘာင္ သတ္မွတ္ခ်က္ ေၾကညာစာတမ္းဟာ ဒုတိယကမၻာစစ္အတြင္း ဂ်ပန္တပ္ဖြဲ႔ေတြအားလံုး လက္နက္ခ်ဖို႔ ေတာင္းဆိုတဲ့ ထုတ္ျပန္ခ်က္ျဖစ္ပါတယ္။

ဒီေၾကညာခ်က္အရ စစ္ေျမျပင္မွာ ဂ်ပန္ေတြကို ႏိုင္ေအာင္တိုက္ဖို႔ လိုသလို ခက္ခဲတဲ့ စိန္ေခၚမႈလည္းျဖစ္ပါတယ္။ ပစိဖိတ္ေဒသမွာ အေမရိကန္နဲ႔ မဟာမိတ္တပ္ေတြဟာ ဂ်ပန္တပ္ဖြဲ႔ေတြနဲ႔ ၃ ႏွစ္ၾကာ အႀကိတ္အနယ္ တိုက္ပြဲဆင္ႏႊဲခဲ့ရၿပီး တခ်ိဳ႕ တိုက္ပြဲေတြဟာ သမိုင္းမွာ အႀကီးမားဆံုးေရေၾကာင္းတိုက္ပြဲေတြအျဖစ္ မွတ္တမ္းတင္ခဲ့ရပါတယ္။

ပစိဖိတ္သမုဒၵရာထဲက ကၽြန္းကေလးေတြေပၚမွာ တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး မၾကာခဏဆိုသလို စစ္ရံႈးတဲ့ ဂ်ပန္စစ္သားေတြေရာ၊ အရပ္သားေတြပါ အေျမာက္အမ်ား ကိုယ့္ကိုကိုယ္ အဆံုးစီရင္ခဲ့ၾကတာေတြရွိခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်ပန္ရဲ႕ က်ဴးေက်ာ္မႈဟာ ႏွစ္ဘက္စလံုးအတြက္ အသက္ဆံုးရံႈးမႈေတြ အမ်ားႀကီးျဖစ္ႏိုင္တယ္လို႔ အေမရိကန္က သတိေပးလိုက္ပါတယ္။

စစ္ပြဲအျမန္ဆံုးၿပီးဆံုးႏိုင္ဖို႔အတြက္ အေမရိကန္က ဆံုးျဖတ္ခ်က္ကို ျပတ္သားစြာ ခ်မွတ္လိုက္ပါတယ္။ေလေၾကာင္းကေန တိုက္ခိုက္ဖို႔ စိုင္းျပင္းေနတာေၾကာင့္ အရပ္သားလူထုေဘးကင္းရာကို ထြက္ခြာၾကဖို႔ သတိေပးတဲ့ လက္ကမ္းစာေစာင္ေတြကို ေလယာဥ္ေပၚက ပစ္ခ်ေပးခဲ့ၿပီးေနာက္၊ အေမရိကန္က အႏုျမဴဗံုး ၂ လံုးကို ၃ ရက္ျခားၿပီး ဂ်ပန္ၿမိဳ႕ႀကီး ၂ ၿမိဳ႕ေပၚႀကဲခ်ခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ ဂ်ပန္ေခါင္းေဆာင္ပိုင္းက စစ္ပြဲကို ႏိုင္ေအာင္ မတိုက္ႏိုင္ေတာ့ဘူးဆိုတာ သေဘာေပါက္ၾကၿပီး ဂ်ပန္ဧကရာဇ္ ဟီရိုဟီတို က ၾသဂုတ္လ ၁၄ ရက္ေန႔မွာ လက္နက္ခ်မယ္လို႔ ေၾကညာလိုက္ပါတယ္။

အေမရိကန္စစ္သေဘၤာႀကီး USS မစ္ဇူရီ ေပၚမွာ မဟာမိတ္တပ္ဖြဲ႔ေတြ ကိုယ္စား ဂ်ပန္လက္နက္ခ်တာကို လက္ခံခဲ့တဲ့ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး Douglas MacArthur က ဒီကေန႕ ေသနတ္ေတြ မၾကားရဘဲ တိတ္ဆိတ္ေနတယ္လို႔ ေျပာပါတယ္။

" ႀကီးမားလွတဲ့ အႏၱရာယ္ အျဖစ္ဆိုး အဆံုးသတ္သြားပါၿပီ။ ႀကီးျမတ္လွတဲ့ ေအာင္ပြဲခံႏိုင္ခဲ့ပါၿပီ။ ေကာင္းကင္ယံမွာ အသက္ဆံုးရံႈးမႈေတြေၾကာင့္ မ်က္ရည္မိုးေတြ မရြာေတာ့ပါဘူး။ပင္လယ္ျပင္မ်ာလည္း ကူးသန္းေရာင္းဝယ္မႈ အသြားအလာေတြကိုပဲ ေတြ႔ေနရပါၿပီ။ ေနရာတိုင္းမွာ လူတိုင္းလိုလို ေနေရာင္ေအာက္မွာ ရင္ေကာ့ၿပီး ေလွ်ာက္လွမ္းေနၾကပါၿပီ။ ကမၻာႀကီးတခုလံုး ၿငိမ္းခ်မ္းျခင္းေအးရိပ္မွာ ၿငိမ္သက္စြာ အနားယူေနၾကပါၿပီ။ ျမင့္ျမတ္တဲ့ ရည္မွန္းခ်က္ အထေျမာက္ပါၿပီ”လို႔ဗိုလ္ခ်ဳပ္ႀကီး MacArthur က အခုလိုေျပာခဲ့ပါတယ္။ ဆက္လက္ၿပီး..

“ပစိဖိတ္ေဒသဟာ က်ယ္ေျပာလွတဲ့ လြတ္ေျမာက္စ ကမၻာသစ္အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ျဖစ္ပါတယ္တဲ့။ ဒီကေန႔ လြတ္ေျမာက္မႈဟာ ထိုးစစ္ျဖစ္ၿပီး၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ခ်ီတက္ေနၾကပါၿပီ။ ဒီကေန႔မွာ အာရွမွာေရာ ဥေရာပမွာပါ အေႏွာင္အဖြဲ႔ကလြတ္လာတဲ့ ျပည္သူေတြဟာ လြတ္လပ္မႈရဲ႕ ခ်ိဳၿမိန္တဲ့အရသာကို အျပည့္အဝ ခံစားေနၾကသလို ေၾကာက္ရြြြံ႔ျခင္းကကင္းလြတ္ၿပီး စိတ္ခ်မ္းသာေနၾကပါၿပီလို႔၊” ဗိုလ္ခ်ဳပ္ႀကီးMacArthur က ေျပာဆိုခဲ့ပါတယ္။

၁၉၄၅ ခုႏွစ္ စက္တင္ဘာလ ၂ ရက္ေန႔ဟာ ေနာက္ဆံုးအေနနဲ႔ ဒုတိယကမၻာစစ္အဆံုးသတ္ခဲ့ၿပီး ေခတ္သစ္ တေခတ္ကို စတင္နိုင္ခဲ့တဲ့ ေန႔တေန႔အျဖစ္ေၾကာင္းပါ ။

..............

ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း ၇၅ နှစ်ပြည့်

(Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

စက်တင်ဘာလ ၂ ရက်နေ့ဟာ ပစိဖိတ်ဒေသတွင်း ဒုတိယကမ္ဘာစစ်ကြီးကို တရားဝင် အဆုံးသတ်ခဲ့တဲ့နေ့ဖြစ်ပြီး ကမ္ဘာတဝန်းပဋိပက္ခကိုချုပ်ငြိမ်းစေခဲ့ပါတယ်။ ဂျပန်နိုင်ငံ တိူကျိူပင်လယ်အော်မှာ ကျောက်ချရပ်နားထားတဲ့ USS မစ်ဇူရီ အမေရိကန်စစ်သင်္ဘောကြီးပေါ်မှာ အမေရိကန်နဲ့ ဂျပန်နိုင်ငံ ကိုယ်စားလှယ်တွေက ဂျပန်ရဲ့ ချွင်းချက်မရှိ လက်နက်ချတဲ့ တရာဝင်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျာမဏီနိုင်ငံက မေလ ၈ ရက်နေ့မှာလက်နက်ချခဲ့တာကြောင့် ဥရောပမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ပါတယ်။ ဒီအချိန်မှာ ပစိဖိတ်ဒေသရဲ့ တိုက်ပွဲတွေကအရှိန်မြင့်နေဆဲဖြစ်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ ဂျပန်တွေ လက်နက်ချမှသာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အနုမြူဗုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး ၁၀ ရက်အကြာ၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ မဟာမိတ်ခေါင်းဆောင်တွေက Potsdam Declaration လို့ခေါ်တဲ့ ဂျပန် အင်ပါယာ လက်နက်ချတဲ့အခါ လိုက်နာရမယ့် မူဘောင်တွေကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ တကယ်လို့ ဂျပန်က ဒီကမ်းလှမ်းချက်ကို လက်မခံဘူးဆိုရင် ပိုဆိုးတဲ့ အစွမ်းကုန် ပျက်စီးခြင်းတွေနဲ့ ချက်ခြင်း ဒုက္ခတွေခံစားရလိမ့်မယ်လို့ ဖေါ်ပြထားပါတယ်။ ဂျပန်နိုင်ငံက ဒီရာဇသံကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

Potsdam Declaration - ဂျပန်လက်နက်ချရေး လိုက်နာရမယ့်မူဘောင် သတ်မှတ်ချက် ကြေညာစာတမ်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်ဖွဲ့တွေအားလုံး လက်နက်ချဖို့ တောင်းဆိုတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ဒီကြေညာချက်အရ စစ်မြေပြင်မှာ ဂျပန်တွေကို နိုင်အောင်တိုက်ဖို့ လိုသလို ခက်ခဲတဲ့ စိန်ခေါ်မှုလည်းဖြစ်ပါတယ်။ ပစိဖိတ်ဒေသမှာ အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ ဂျပန်တပ်ဖွဲ့တွေနဲ့ ၃ နှစ်ကြာ အကြိတ်အနယ် တိုက်ပွဲဆင်နွှဲခဲ့ရပြီး တချို့ တိုက်ပွဲတွေဟာ သမိုင်းမှာ အကြီးမားဆုံးရေကြောင်းတိုက်ပွဲတွေအဖြစ် မှတ်တမ်းတင်ခဲ့ရပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းကလေးတွေပေါ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မကြာခဏဆိုသလို စစ်ရှုံးတဲ့ ဂျပန်စစ်သားတွေရော၊ အရပ်သားတွေပါ အမြောက်အများ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ ကျူးကျော်မှုဟာ နှစ်ဘက်စလုံးအတွက် အသက်ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

စစ်ပွဲအမြန်ဆုံးပြီးဆုံးနိုင်ဖို့အတွက် အမေရိကန်က ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်လိုက်ပါတယ်။လေကြောင်းကနေ တိုက်ခိုက်ဖို့ စိုင်းပြင်းနေတာကြောင့် အရပ်သားလူထုဘေးကင်းရာကို ထွက်ခွာကြဖို့ သတိပေးတဲ့ လက်ကမ်းစာစောင်တွေကို လေယာဉ်ပေါ်က ပစ်ချပေးခဲ့ပြီးနောက်၊ အမေရိကန်က အနုမြူဗုံး ၂ လုံးကို ၃ ရက်ခြားပြီး ဂျပန်မြို့ကြီး ၂ မြို့ပေါ်ကြဲချခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဂျပန်ခေါင်းဆောင်ပိုင်းက စစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူးဆိုတာ သဘောပေါက်ကြပြီး ဂျပန်ဧကရာဇ် ဟီရိုဟီတို က သြဂုတ်လ ၁၄ ရက်နေ့မှာ လက်နက်ချမယ်လို့ ကြေညာလိုက်ပါတယ်။

အမေရိကန်စစ်သင်္ဘောကြီး USS မစ်ဇူရီ ပေါ်မှာ မဟာမိတ်တပ်ဖွဲ့တွေ ကိုယ်စား ဂျပန်လက်နက်ချတာကို လက်ခံခဲ့တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး Douglas MacArthur က ဒီကနေ့ သေနတ်တွေ မကြားရဘဲ တိတ်ဆိတ်နေတယ်လို့ ပြောပါတယ်။

" ကြီးမားလှတဲ့ အန္တရာယ် အဖြစ်ဆိုး အဆုံးသတ်သွားပါပြီ။ ကြီးမြတ်လှတဲ့ အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ကောင်းကင်ယံမှာ အသက်ဆုံးရှုံးမှုတွေကြောင့် မျက်ရည်မိုးတွေ မရွာတော့ပါဘူး။ပင်လယ်ပြင်မျာလည်း ကူးသန်းရောင်းဝယ်မှု အသွားအလာတွေကိုပဲ တွေ့နေရပါပြီ။ နေရာတိုင်းမှာ လူတိုင်းလိုလို နေရောင်အောက်မှာ ရင်ကော့ပြီး လျှောက်လှမ်းနေကြပါပြီ။ ကမ္ဘာကြီးတခုလုံး ငြိမ်းချမ်းခြင်းအေးရိပ်မှာ ငြိမ်သက်စွာ အနားယူနေကြပါပြီ။ မြင့်မြတ်တဲ့ ရည်မှန်းချက် အထမြောက်ပါပြီ”လို့ဗိုလ်ချုပ်ကြီး MacArthur က အခုလိုပြောခဲ့ပါတယ်။ ဆက်လက်ပြီး..

“ပစိဖိတ်ဒေသဟာ ကျယ်ပြောလှတဲ့ လွတ်မြောက်စ ကမ္ဘာသစ်အတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်ပါတယ်တဲ့။ ဒီကနေ့ လွတ်မြောက်မှုဟာ ထိုးစစ်ဖြစ်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်နေကြပါပြီ။ ဒီကနေ့မှာ အာရှမှာရော ဥရောပမှာပါ အနှောင်အဖွဲ့ကလွတ်လာတဲ့ ပြည်သူတွေဟာ လွတ်လပ်မှုရဲ့ ချိုမြိန်တဲ့အရသာကို အပြည့်အဝ ခံစားနေကြသလို ကြောက်ရွံ့ခြင်းကကင်းလွတ်ပြီး စိတ်ချမ်းသာနေကြပါပြီလို့၊” ဗိုလ်ချုပ်ကြီးMacArthur က ပြောဆိုခဲ့ပါတယ်။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ဟာ နောက်ဆုံးအနေနဲ့ ဒုတိယကမ္ဘာစစ်အဆုံးသတ်ခဲ့ပြီး ခေတ်သစ် တခေတ်ကို စတင်နိုင်ခဲ့တဲ့ နေ့တနေ့အဖြစ်ကြောင်းပါ ။